အခန့်မသင့်လို့ အကြောညှပ်တဲ့အခါ
နေ့စဉ်ဘဝမှာ လှုပ်ရှားမှုတွေ ပြင်းထန်တဲ့အခါ ၊ မတ်ောတဆ ထိခိုက်မိတဲ့အခါ မမျှော်လင့်ပဲ အကြောညှပ်တာတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ခါးအကြောညှပ်တာ ၊ ပေါင်အကြောညှပ်တာတွေက အဖြစ််များပြီး တခါတရံမှာ ပြင်းထန်တဲ့ အခြေအနေအထိ ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ ထုံကျဉ်တာ၊ မခံနိုင်အောင် စူးပြီး နာကျင်တာ၊ အပ်နဲ့ထိုးသလို နာတာ၊ ခါးနဲ့ အောက်ပိုင်း လှုပ်ရှားလို့မရတာတွေ ဖြစ်တတ်ပါတယ်။
တခါတရံမှာ အနားယူတာ၊ ခဏတာ ဆေးထိုး၊ ဆေးသောက်တာနဲ့ သက်သာသွားလေ့ရှိပြီး တချို့မှာတော့ အခြေအနေ အရမ်းပြင်းထန်ပြီး အချိန်ကြာတဲ့အထိ ဖြစ်နိုင်တာကြောင့် စနစ်တကျ သေချာကုသမှု ခံယူဖို့ လိုအပ်တာလည်း ရှိနိုင်ပါတယ်။
အကြောညှပ်တာက
- အဝလွန်သူတွေ၊
- လူလတ်ပိုင်းတွေ၊
- လှုပ်ရှားမှု များသူတွေ၊
- အလေးအပင်မတဲ့သူတွေ၊
- အမြဲထိုင်နေရသူနဲ့
- ကားမောင်းသူတွေမှာ ပိုဖြစ်နိုင်တာကို တွေ့ရနိုင်ပါတယ်။
တခါတရံ အခန့်မသင့်လို့ အကြောညှပ်ရာကနေ
- ခါးဆစ်လွဲတာအပြင်
- အာရုံကြောမကြီးကို သွားဖိမိရာကနေ ကြွက်သားပြဿနာ၊
- လှုပ်ရှားမှု ပြဿနာတွေ ဖြစ်နိုင်သလို
- တခြားနောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်နိုင်လို့ မပေါ့ဆသင့်ပါဘူး။
အကြောညှပ်ခြင်း သက်သာအောင် ဘယ်လိုလုပ်မလဲ?
- အကိုက်အခဲပျောက်ဆေး/ အရောင်ကျဆေးတွေက နာကျင်မှုကို သက်သာပျောက်ကင်းစေပါတယ်။
- သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးတာကလည်း နာကျင်မှု သက်သာဖို့ ကူညီပေးနိုင်ပါတယ်။
- တခါတရံ အလွန်ပြင်းထန်တဲ့ အခါမှာတော့ ခွဲစိတ်ကုသရတာအထိ ရှိနိုင်ပါတယ်။
အကြောညှပ်ခြင်းက တခါတရံ ပြင်းထန်တာလည်း ရှိနိုင်သလို တနေ့တာ လှုပ်ရှားမှုကိုလည်း ထိခိုက်နိုင်တာကြောင့် ကြိုတင်သတိပြုနိုင်စေဖို့ ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)